Download and Watch Video Here: http://adf.ly/1N7l5t
Tuesday, September 8, 2015
Tuesday, July 28, 2015
Jurassic World (2015)မြန်မာစာတန်းထိုး
Located off the coast of Costa Rica, the Jurassic World luxury resort provides a habitat for an array of genetically engineered dinosaurs, including the vicious and intelligent Indominus rex. When the massive creature escapes, it sets off a chain reaction that causes the other dinos to run amok. Now, it's up to a former military man and animal expert (Chris Pratt) to use his special skills to save two young brothers and the rest of the tourists from an all-out, prehistoric assault.
Release date: June 12, 2015 (USA)
Box office: 1.67 billion USD
Initial DVD release: October 20, 2015 (USA)
Download and Watch Here
Back To The Jurassic (2015) မြန်မာစာတန်းထိုး
2015 ခု နှစ်မှာထွက်ရှိခဲ့တဲ့ Back To The Jurassic ဆိုတဲ့ Animation ကားလေးတစ်ကားနဲ့မိတ်ဆက်
အန်ရင်းဆိုတဲ့ကောင်လေးဟာ သူ့အမေ ပြောစကားကိုဆိုရင် မလိမ့်တပတ်လုပ်ပြီးအမြဲတမ်းတလွဲ
ဂျော်တို့ဟာ မထင်မှတ်ပဲ စက်ထဲမှာပိတ်ပြီးပါသွားတယ်..စက်ကိုဖွင့်ကြည့်ပြီးအပြင်ထွက်လိုက်တဲ့အချိန်
ပေးချင်ပါတယ်..ဇာတ်လမ်းဟာ IMDb Rating 5.6 ရရှိထားပြီး စိတ်အပန်းဖြေကြည့်ဖို့အတွက်သင့်တော်
တဲ့ ဇာတ်လမ်းကောင်းလေးပါ
အန်ရင်းဆိုတဲ့ကောင်လေးဟာ သူ့အမေ ပြောစကားကိုဆိုရင် မလိမ့်တပတ်လုပ်ပြီးအမြဲတမ်းတလွဲ
လုပ်တတ်တဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်..သူ့မှာ ဂျော်ဆိုတဲ့ညီမလေးတစ်ယောက်ရှိပါတယ်
သူ့အပေါ်မှာအမြဲတမ်းချောက်ချပြီး ပြသနာဖြစ်အောင်လုပ်တဲ့ညီမလေးပေါ့..အန်ရင်းဟာ ထူးထူးခြားခြား
ဒိုင်နိုဆောတွေနဲ့ ပတ်သတ်ပြီး သဘောကျကာ..လေ့လာရတာ ၀ါသနာထုံပါတယ်..ဒိုင်နိုဆောပြတိုက်
ကြီးမှာလည်းသူအမြဲတမ်းသွားရောက်လေ့လာတတ်ပါတယ်..
တစ်နေ့မှာ အန်ရင်းရဲ့အမေဟာ တစ်နှစ်တာအတွက် Mother Of The Year ဆုကိုလက်ခံဖို့အတွက်
သွားတဲ့အချိန်မှာ အန်ရင်းကိုသူ့ဆိုင်စောင့်ဖို့အတွက်စေခိုင်းခဲ့ပါတယ်..အန်ရင်းဟာ အမေစကားကို
နားမထောင်ပဲနဲ့ သူ့သူငယ်ချင်း မက်စ် နဲ့အတူ ဒိုင်နိုဆောရုပ်ကြွင်းပြတိုက်ထဲက ကန့်သတ်ထားတဲ့
အခန်းကို ခိုးဝင်ခဲ့ပါတယ်..ကံဆိုးချင်တော့သူ့ညီမဖြစ်သူ ဂျော် ကလိုက်ပါလာပြီး အချက်ပေးစနစ်ကို
မြည်အောင်လုပ်လိုက်တော့ လူမိသွားပါတော့တယ်..ဒါကြောင့် အန်ရင်းကို သူ့အမေက သုံးပတ်
အခန်းထဲပိတ်ထားမယ်လို့ အပြစ်ဒဏ်ပေးလိုက်ပါတယ်..အန်ရင်းဟာအခန်းထဲကနေခိုးထွက်ပြီးတော့
သူ့သူငယ်ချင်းမက်စ် အိမ်ကိုခိုးသွားပါတယ်..အန်ရင်းခိုးထွက်တာကို မြင်တဲ့ ဂျော်ကလည်းနောက်ကနေ
လိုက်လာပြီး အကွက်ဆင်ဖို့ချောင်းနေပါတယ်..မက်စ်ရဲ့အဖေဟာ တီထွင်တာတွေဝါသနာပါတဲ့သူ
တစ်ယောက်ဖြစ်ပြီး အချိန်ခရီးသွားစက်ကိုတီထွင်နေတာ လေးနှစ်တာ ကြာခဲ့ပါပြီ..ချို့ယွင်းချက်တစ်ခု
ကြောင့် ပါဝါမတက်နိုင်ပဲဖြစ်နေပါတယ်..မက်စ်ရဲ့အဖေဟာ ဒီခရီးသွားစက်ကို အန်ရင်းနဲ့မက်စ်ကို
ပြသလိုက်ပြီး အပြင်ဘက်မှာအလုပ်ထွက်လုပ်နေပါတယ်..အဲ့အချိန်မှာ အန်ရင်းကို ခိုးလိုက်လာတဲ့
သူ့ညီမ ဂျော်က သူ့အမေ နဲ့တိုင်ဖို့်အတွက် ဓါတ်ပုံထွက်ရိုက်လာပါတယ်..ဒီတော့ အန်ရင်းက
ဂျော်ကိုလိုက်ဖမ်းရာက ပြေးလွှားနေရင်းနဲ့ အန်ရင်းလက်ထဲမှာကိုင်ထားတဲ့ကိုလာဗူးက ကိုလာအချို့ဟာ
အချိန်ခရီးသွားစက်ပေါ်ကိုကျရောက်ပြီး စက်က ပါဝါအသက်ဝင်လာပြီး စတင်အလုပ်လုပ်ပါတယ်..
ပြေးလွှားနေတဲ့အချိန် မှာသတိမထားမိပေမယ့် စက်အသက်ဝင်လာတဲ့အချိန်မှာ အန်ရင်း , မက်စ် နဲ့ဂျော်တို့ဟာ မထင်မှတ်ပဲ စက်ထဲမှာပိတ်ပြီးပါသွားတယ်..စက်ကိုဖွင့်ကြည့်ပြီးအပြင်ထွက်လိုက်တဲ့အချိန်
မှာ သူတို့ကို နှစ်သန်းပေါင်း 100ကျော်ကို အချိန်ခရီးထွက်ပြီး ဒိုင်နိုဆောတွေရှိခဲ့တဲ့ကမ္ဘာကို
ရောက်ရှိနေတဲ့အခါမှာတော့...............................................
DOWNLOAD AND WATCH HERE: https://my.pcloud.com/publink/show?code=XZGx9VZY9A8FibwoB8dzcLuNgGpNp7X4807
The Lazarus Effect (2015) မြန်မာစာတန်းထိုး
သေသွားပြီးသား လူနာကို အသက်ပြန်ရှင်လာစေမယ့် နည်းလမ်းတွေ့သွားတဲ့ ဆေးသုတေသနလုပ်သူတစ်စုအကြောင်း ဇာတ် အိမ်တည်ထားတဲ့ သဘာဝလွန် သည်းထိတ်ရင်ဖို အမေရိကန် ဇာတ်ကားသစ်အကြောင်း ဖော် ပြပေးလိုက်ပါတယ်။
2015 ခုနှစ်မှ ထွက်ရှိထားပြီးIMDb Rating ကတော့ 5.2 ရရှိထားပါတယ်...
ဆေးသုတေသနပညာရှင် တွေဖြစ်တဲ့ ဖရန့်နဲ့ သူ့ချစ်သူ ဇိုး တို့ဟာ ကိုမာဖြစ်နေတဲ့ လူနာတွေ ကို ပြန်သတိရလာအောင် လုပ် နိုင်ဖို့ သေပြီးသား လူနာတွေကို အသက်ပြန်ရှင်နိုင်ဖို့ဆိုပြီး သုတေ သနတစ်ခုလုပ်ထားပါတယ်။ သူ တို့စုံတွဲနဲ့အတူ နစ်ကို၊ ကလေးဆို တဲ့ သူငယ်ချင်း နှစ်ယောက်နဲ့ အတူ ဗီဒီယိုသမား အီဗာတို့ဟာ သုတေသနပြုချက် အောင်မြင်မှု ရှိ၊ မရှိကို မကြာခင်ကမှသေသွား တဲ့ ခွေးတစ်ကောင်နဲ့ စမ်းသပ်ခဲ့ ပြီး မှတ်တမ်းတင်ထားခဲ့ပါတယ်။ ခွေးထဲကို သုတေသနလုပ်ထားတဲ့ သွေးရည်ကြည် ထည့်လိုက်ပြီး နောက်မှာတော့ နဂိုမူရင်းစိတ် တွေပျောက်ပြီး ထူးဆန်းတဲ့ အပြု အမူတွေလုပ်လာကာ ဦးနှောက်သွေးကြောတွေရဲ့ ဖွဲ့စည်းပုံတွေပါ ပြောင်းကုန်တာတွေ့ခဲ့ရပါတယ်။ အဲဒီနောက်တော့ ဖရန့်နဲ့အဖွဲ့ဟာ သူတို့ရဲ့ စမ်းသပ်လေ့လာမှုကို ဆက်လုပ်နေရင်း တစ်ရက်မှာတော့ ဇိုးဟာ ဓာတ်လိုက်သေဆုံးခဲ့ပါတယ်။ ဇိုးကို အဆုံးရှုံးမခံလိုတဲ့ ဖရန့်ဟာ သူစမ်းသပ်ထားတဲ့ သွေးရည်ကြည်ကို ဇိုးကိုယ်ထဲကို ထည့်သွင်းပြီး အသက်ပြန်ရှင်လာဖို့အတွက် ကြိုးပမ်းခဲ့ပါတယ်။ သူတို့ရဲ့ စမ်းသပ်မှုဟာ အောင်မြင်သလိုလိုရှိ ပေမယ့် တဖြည်းဖြည်းထူးခြားလာတဲ့ဇိုးကို တစ်ဖွဲ့လုံးသတိထားမိလာကြပါတယ်။
တစ်ရက်မှာတော့ အခန်းထဲဝင်လာတဲ့ နစ်ကို ကိုဇိုးက ခြောက်လှန့်ခဲပြီး သူ့ရဲ့ စိတ်စွမ်းအားနဲ့ နစ်ကိုကို ဗီရိုထဲပစ်ထည့်ပြီး စိတ်နဲ့ဆွဲညှစ်ကာ သတ်ပစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဇိုးဟာ ကလေး၊ ဖရန့်နဲ့ အီဗာတို့ကိုပါ သတ်ပစ်ခဲ့ပြီး ဆေးတွေ အကုန်လုံး သူ့ကိုယ်ထဲထိုးသွင်းခဲ့သလို သေသွားတဲ့ သူ့သူငယ်ချင်းတွေထဲကိုလည်း ထိုးလိုက်တဲ့အခါမှာ ဘာတွေ ဆက်ဖြစ်မလဲဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်လိုက်ပါဦး။
ဒီဇာတ်ကားက သဘာဝလွန်ဖြစ်နေလို့ ဝေဖန်မှုတွေရှိပေမယ့် ဇာတ်လမ်းသစ်တစ်ခုအနေနဲ့ ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်တာ ပိုကောင်းပါတယ်။ ဖရန့်အဖြစ် မာ့ခ်ဒျူပလက်စ်၊ ဇိုးအဖြစ် အိုလီ ဗီယာဝိုင်းလ်၊ ကလေးအဖြစ် အီ ဗန်ပီတာ၊ အီဗာအဖြစ် ဆာရာ ဘိုလ်ဂါ၊ နစ်ကိုအဖြစ် ဒေါ်နယ်ဂ လိုဗာတို့က ပါဝင်သရုပ်ဆောင် ထားတာပါ။
(ရုပ်ရှင်အညွှန်းကို 7daydaily မှ ပြန်လည် တင်ပြပါသည် )
(Blu-ray 720p အကြည်ကို ဖိုင်ဆိုဒ်အသေးဖြင့်တင်ဆက်ထားပြီးကြည်ကြည်လင်လင်ကြည့်ရှုနိုင်မည်
ဖြစ်ကြောင်းအာမခံပါသည် )
DOWNLOAD AND WATCH HERE: https://my.pcloud.com/publink/show?code=XZvDCVZuQ6QUaig7bf0CxP76yycFbLWT84V

Survivor (2015) မြန်မာစာတန်းထိုး
Survivor 2015
=================================
Jun လ ၅ရက်နေ့ကမ စပြီးရုံတင်ခဲ့တဲ့ ဇာတ်ကားပါ။
IMDB rating 5.5/10 ရရှိထားပြီး Action- Thrill ဇာတ်ကား အမျိုးအစားဖြစ်ပါတယ်။
ဒီကားမှာ ဆိုရင်ဖြင့် Kate Abbot အဖြစ် မင်းသမီး Milan Jovovich ကပါဝင်သရုပ်ဆောင်ထားပြီး Villain နေရာမှာတော့ Nash အဖြစ် မင်းသားကြီး Pierce Brosnan ကပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားမှာဆိုရင် မင်းသမီး Milan Jovovich အနေနဲ့ သရုပ်ဆောင်ရတာ မတန်ဘူးလို့တောင်ထင်မိပါတယ်။
U.S Immigation မှာတာဝန်ထမ်းဆောင်နေတဲ့ ဘီလ် ရဲ့သားဖြစ်သူ အမေရိကန် လေတပ်သား ဟာ အာဖဂန်နစ္စတန်မှာ စစ်တိုက်ရင်း မမျှော်လင့်ဘဲ လေယာဉ်ပျက်ကျရာမှ တာလီဘန်တို့ရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။
ဘီလ် အား သူ၏သားဖြင့်အကြပ်ကိုင်ကာ အမေရိကန်နိုင်ငံ အတွင်း Happy NewYear ညတွင် လူသန်းပေါင်းများစွာစုဝေးနေသော NewYork မြို့Time Square အကြမ်းဖက်ဖောက်ခွဲမှုများ လုပ်ဆောင်ရန် ဖောက်ခွဲရေးပညာရှင် ဓာတ်ငွေ့ကျွမ်းကျင်သူ Emil Blan အား နိုင်ငံကူးလက်မှတ်ထုတ်ခိုင်းရာ မမျှော်လင့်ဘဲ Kate Abbot က သိရှိသွားပါတယ်။
Kate Abbot အားရှင်းပြစ်ရန်အတွက် Nash အားခိုင်းစေရာ စားသောက်ဆိုင်တွင် ဗုံးခွဲပြီး သတ်ပစ်ရန်ကြံစည်ခဲ့သော်လည်း Kate မှာ မမျှော်လင့်ဘဲ လွတ်မြောက်သွားခဲ့ပြီး နောက်ပိုင်းတွင် Nash က Kate ကိုသတ်ပြစ်နိုင်မလား Kate ကဘဲဖောက်ခွဲမှုကိုဘဲ တားဆီးနိုင်မလား ........။
ဘယ်လိုဆက်ဖြစ်နိုင်မလဲကိုတော့ ဆက်လက်ကြည့်ရှုကြရအောင်ပါ။
P.S ..ကျွန်တော်ကတော့ ကြည့်ရင်းကြည့်ရင်းဖြင့် မင်းသမီး Milan Jovovish နေရာကို ၀င်ရောက်ခံစားမိပြီး တော်တော်လေးရင်မောမိသွားတယ်ဗျ ။
(ရုပ်ရှင်အညွှန်းနဲ့ မြန်မာစာတန်းထိုးကို ကသာသားလေး မှတင်ဆက်ထားတာပါ။)
DOWNLOAD AND WATCH HERE: https://my.pcloud.com/publink/show?code=XZSNxVZShhX8dRELNp2pOKLjrHvvbTNovOy

Friday, June 12, 2015
Wednesday, May 20, 2015
Jupiter Ascending (2015)

လူသားတွေကို နတ်ဘုရားတွေကအုပ်စိုးတဲ့အနာဂါတ်ကာလမှာဖြစ်ပါတယ်။ Jupiter Jones ဟာကံမကောင်းတဲ့ ရုရှားပြောင်းရွှေ့အခြေချနေထိုင်သူတစ်ဦးဖြစ်ပြီး အလုပ်အကိုင်အဖြစ် အိမ်သာတွေကိုသန့်ရှင်းရေးလုပ်ပြီး အသက်မွေးပါတယ်။ သူမဟာ ဂြိုလ်တစ်လုံးကနေတစ်လုံးကူးပြောင်းနေတဲ့ စစ်သည်တော် Caine နဲ့တွေ့ပါတယ်။ Caine ဟာ Jupiter ကိုလုပ်ကြံသတ်ဖြတ်ဖို့ရည်ရွယ်ချက်နဲ့ စကြဝဠာရဲ့ဘုရင်က လွှတ်လိုက်တဲ့သူဖြစ်ပါတယ်။ Jupiter ကိုမွေးဖွားခဲ့တဲ့ညက နက္ခတ်တာရာတွေဟာ ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ အဖြစ်အပျက်တစ်ခုကိုဟောကိန်းထုတ်နေခဲ့ပြီး သူမရဲ့ DNA က သူမကိုစကြာဝဠာရဲ့ နောက်ခေါင်းဆောင်တစ်ယောက်အဖြစ် သတ်မှတ်ပေးနိုင်ကြောင်း Caine က Jupiter ကိုပြောပါတယ်။
Jupiter Ascending ဟာ စိတ်ကူးယဉ်သိပ္ပံဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ Wachowskis ကရိုက်ကူးထားတာပါ။ သရုပ်ဆောင်တွေအဖြစ် Mila Kunis, Channing Tatun, Sean Bean, Eddie Redmayne, Douglas Booth တို့ပါဝင်ထားပါတယ်။
(ရုပ်ရှင်အညွှန်းကို Trend Myanmar မှကူးယူဖော်ပြပါသည်။)
DOWNLOAD AND WATCH HERE: https://my.pcloud.com/publink/show?code=XZ9BKXZrfog5yQhbqBN5CXUHLJMTbUCIChy
Subscribe to:
Posts (Atom)